သူ့ကို ကျွန်တော်က သူ့ကို ကိုရဲ လို့ ခေါ်တယ်..။
ကျွန်တော် ဒီကျောင်းကို ပြောင်းခါစ (၇)တန်း ကနေ (၁၀)တန်း အထိ တွဲလာခဲ့တဲ့ သူငယ်ချင်းပါ..။
တိတိကျကျ ပြောရရင် ဒီကျောင်းမှာ ကျွန်တော် ဒုတိယမြောက် ခင်မိတဲ့ သူငယ်ချင်းတစ်ယောက်...။
သူ့မှာ မိသားစုက ကြီးတယ်..။ မောင်နှမ (၇) ယောက် ၊ အဖေ နဲ့ အမေ ၊ ညီအကို (၆)ယောက်မှာ
သူက နံပါတ်(၅) ၊ ညီမငယ်လေးက နောက်ဆုံး..။ မိသားစုတွေများပြီး အားလုံး ကျောင်းသားတွေ ဖြစ်တဲ့
သူတို့မိသားစု က မပြေလည်လှ...။ အဖေက လက်သမားအဖြစ်နဲ့ အိမ်တွေ ဆောက်တယ်.။ ထွက်လာတဲ့
သစ်ပိုအစတွေနဲ့ တတ်နိုင်သလောက်လေး သစ်သားလေးတွေ ဝယ်ပြီး အိမ်မှာ ပရိဘောဂ ပစ္စည်းငယ်တွေ
လုပ်ရောင်းတယ်..။
အဖေက လက်သမား ဗီဒိုတွေ ၊ ကြောင်အိမ်တွေ ၊ ပန်းကန်စင်လေးတွေ လုပ်တယ်..။ အမေက
မှီခို.... ၊ မှီခို လို့ နာမည်သာယူထားတာ သူ့ခဗျာ မမှီနိုင် မခိုနိုင်ပါဘူး..။ သူပါ သစ်သားလေးတွေ ပေါ်လစ်
သုတ် ၊ ကော်ပတ်စား လုပ်အားပေးနေတာပါ..။အဖေ အမေက ဒါတွေ လုပ်နေမှတော့သားသမီးတွေလည်း
ကျွမ်းကျင်နေတာ မဆန်းပါဘူး..။
ဒါပေမဲ့....မိသားစု (၉)ယောက်အတွက် သူတို့လှုပ်ရှားမှုက အရာမရောက်သေး လိုအပ်ချက်တွေ က ဒုနဲ့ ဒေး ..။ သူကျောင်းလာရင် သူ့မုန့်ဖိုးက ကင်တင်းက အသုတ်တစ်ပွဲဖိုးတောင်မှ အနိုင်နိုင် သူ့မှာ ပါမလာ..။ အိမ်က ထမင်း အဝ စားလာတယ် လိဲပ သူအမြဲ ပြောနေကြ...။ ဒီမုန့်ဖိုးလေးတွေကို ဆရာမ ကောက်တဲ့ ကျောင်းရံပုံငွေ ၊ အခန်း သန့်ရှင်းရေး ဖိုး တွေထဲကို သူထည့်တယ်..။ ဒီလိုနဲ့ပဲ လည်ပတ်နေ ခဲ့တယ်..။ အဲ..အရေးပေါ် ဘာခ ၊ ညာခ တွေ ကောက်ရင်တော့ သူ လည်ပတ်နေရာက ပတ်လည် ရိုက်နေပြီ..။
ကျွန်တော်ဟာ သူငယ်ချင်းတွေကို အရမ်းချစ်ခင် တတ်သူ တစ်ယောက်ပါ..။ ကိုယ့်သူငယ်ချင်း တစ်ယောက် ဒီလို ပတ်လည် ရိုက်နေတာကို ကျွန်တော် မျက်စိအောက်မှာ ကြည့်မနေနိုင်ခဲ့ပါ...။ကျွန်တော
် မုန့်စားလွတ်ချိန် ကင်တင်းသွားရင် သူ့ကိုပါ အတင်ခေါ်ပြီး ကျွန်တော် စားသလို ကျွေးတယ်..ကျွန်တော် ဘောပင်တစ်ချောင်းဝယ်ရင် သူလည်း အသစ်တစ်ချောင်း ၊ ကျွန်တော်လိုတာ တစ်ခုခု ဝယ်ရာက နောက် တော့ နှစ်ခု နှစ်ခု ဝယ်ဖြစ်ခဲ့တယ်..။
ခုနှစ်တန်းကနေ ခင်လာလိုက်ကြတာ ၉ တန်းအထိ သူနဲ့ ကျွန်တော် ဆက်ဆံရေး ဒီလိုမျိုးပါပဲ..။ သူရဲ့ လိုအပ်ချက်တွေကို သိတော့ ကျွန်တော် အိမ်ကလည်း သူ့ကို အမြဲ တစ်နည်း မဟုတ် တစ်နည်း ၊ တိုက်ရိုက် ၊ သွယ်ဝိုက်ပြီး ဖြေရျင်းပေးတတ်တယ်..။သူအပေါ်မှာ ကျွန်တော် သေချာတာကတော့ သူ့ဆီက ကျွန်တော် ဘာမှ ရယူလိုခြင်း မရှိခဲ့ပါဘူး..။သူ့အတွက် လိုအပ်ချက်တွေ ဖြည့်ပေးရုံနဲ့ သူငယ်ချင်းအဖြစ် ခင်မင်စွာ ဆက်လက် ရပ်တည်နေတာပါ...။
သူ့အိမ် ကိုယ့်အိမ် တံခါးမရှိ ဓါးမရှိ ဝင်ထွက်နေတဲ့ သူနဲ့ ကျွန်တော်ဟာ ၉ တန်း တတ်ပြီး ၂ လ လောက်ကြာတော့ သှူုဆီက ကျွန်တော့်အပေါ် ဆက်ဆံပုံတွေ ပြောင်းလဲ လာခဲ့တာ သတိထားမိတယ်..။ သူ ကျွန်တော့်အပေါ် ခါးခါး သီးသီး တွေ ဖြစ်လာတယ်..။ကျွန်တော့်ကို စကားပြောရင် “ အေးလေ.. မင်းတို့က တတ်နိုင်တာကိုး..” ဆိုတဲ့ စကားလိုမျိုး ထေ့လုံး ၊ ငေါ့လုံးတွေ အမြဲပါလာတယ်..။
ဘာရယ် မဟုတ်ပေမဲ့....ကျွန်တော့်ဘက်က ဘာမှလည်း မမှား ၊ သူ့ကိုလည်း အကူအညီတွေ ပေးနေရင်းနဲ့ ဒီလို အပြောခံရတော့ ကျွန်တော် တော်တော် စိတ်မကောင်းပါ..။ ဒီလိုနဲ့ ကြာလာတော့ ကျွန် တော့် အဖြစ်အပျက်တွေကို ဖေဖေ့ကို ပြောပြမိတယ်..။ ကျွန်တော့် အဖေက သေချာ နားထောင်ပြီး......
“ သား ....သူ့ဆီက ဘာတွေ အကူအညီတောင်းဖူးလဲ....။” တဲ့...။
“ အာ..ဖေဖေကလည်း သှူုခဗျာ...သူ့ဖာသာ သူတောင်မှ မလည်ပတ်တာ သားကို ဘယ်လို ကုညီနိုင်မလဲ ဖေဖေရာ...”
ဖေဖေက ပြုံးပြီး....
“ အေး..ဒါကြောင့်လည်း ဒီလို ဖြစ်နေတာပေါ့ ....သားရယ်...။သူ့ကို တနင်္ဂနွေနေ့ အိမ်ကို ခေါ်ခဲ့သား... ဖေဖေခေါ်တယ်လို့ ပြောလိုက်....။”
ကျွန်တော့် ဘာမှ ပြန်မပြောမိပါ...ဒါပေမဲ့...နားေ
------------------------------
တနင်္ဂနွေ...........
ကျွန်တော့် သူ့ကို အိမ်ကို ခေါ်လာတော့ ဖေဖေက သူ့ကို တွေ့တော့.......
“ မောင်ရဲ ရေ...မင်းကို ဦး အကူအညီ တောင်းစရာ ရှိနေလို့ ခေါ်ခိုင်းလိုက်တာကွာ...။”
သူက ကျွန်တော့် အပေါ် အမြင်မကြည်လင်ပေမဲ့ ဖေဖေ့ကိုတော့ လေးစားပါတယ်..။
“ဟုတ်ကဲ့....ပြောပါ..ဦး..။ ကျွန်တော် ဘာလုပ်ပေးရမလဲ....။”
ဖေဖေက...
“အေးကွာ...မင်းက လက်သမား ပညာတတ်တယ် မဟုတ်လား.။ ဒီတော့ကွာ..ဦးတို့ အိမ်က ဘုရားစင် လေးကို နည်းနည်း ပိုတောင့် ၊ ပိုလှအောင် ပြင်ချင်တယ်ကွာ...နောက်ပြီး မီးဖိုချောင်က ပန်းကန်စင်က လည်း မကောင်းတော့ဘူးကွာ..။ ဒါလေးလည်း ပြင်ချင်တယ်...မင်းက ကျွမ်းကျင်တယ်လေ..ဦးတို့ ။ မင်းသူငယ်ချင်းတို့က မကျွမ်းကျင်ဘူး မဟုတ်လား..ဒါလေး ဦးကို ကူညီပေးစမ်းပါကွာ..။”
“ ဟင်....”
ကျွန်တော့် အံ့သြသွားတယ်...။ ဘုရားစင်က ထားပါတော့..မီးဖိုချောင်က ပန်းကန်စင်က အကောင်းကြီးပါ.။ ဒါကို ချက်ချင်းမကောင်းတော့ဘူး ပြောနေတယ်...သွားကြည့်လိုက်တော့ .ဟုတ်ပါ့..ယိုင်နဲ့နဲ့ဖြစ်နေတယ်
အခုတော့ ဖေဖေ ပုံစံက ဘာမှ မတတ်သူလို ပုံစံမျိုး ဖြစ်သွားတယ်...ချက်ချင်းကြီး..။
ဖေဖေက စကား အပြီး ကိုရဲ မျက်နှာ ချက်ချင်း ဝင်းသွားတာ ကျွန်တော် သတိထားလိုက်မိတယ်..။
“ ဒါဆို ခဏလေး...ဦး...ကျွန်တော် အိမ်ပြန်လိုက်ဦးမယ်...။ ”
“အေးအေး....ဦးစောင့်နေမယ်...။”
ကားမှတ်တိုင် ၃ မှတ်တိုင်လောက် ဝေးတဲ့ သူ့ အိမ်ကို ကိုရဲ တတ်ကြွစွာ ပြန်သွားတယ်..။ သူတို့ လက်သမားအသုံးအဆောင် ကိရိယာတွေနဲ့ သူ ပြန်ရောက်လာတယ်..။ ပြီးတော့...ဘုရားစင်ကို ပြင်တယ်.။ သစ်သားတွေ ပိုးထည့် ၊ ရွှေဆေးသုတ် ၊ နောက်...ပန်းကန်စင်ကို အပြင်ကို မထုတ် လိုတာတွေ ထည့် ကော်ပတ်စား ဘမ်းနစ်သုတ် သူလုပ်နေတယ်..။
ကျွန်တော်ကတော့ ဘေးက အကူပေါ့လေ..။ ဖေဖေကတော့ ဘာမှ မသိတဲ့ မတတ်တဲ့ လူတစ် ယောက်လို သူလုပ်သမျှ ဘေးကနေ ကောင်းတယ်ဟေ့...လှတယ်ကွ..ဒါမှ ခိုင်သွားတာ.အေး..မိုက်တယ်။ ဒီစကားလေးတွေပဲ ပြောနေတယ်...။ အားလုံးကို ပြီးတော့ ကိုရဲ ကို ကျွန်တော် ကြည့်လိုက်တော့ သူ့ မျက်နှာမှာ ဖြစ်နိုင်ရင် ကျွန်တော့်တို့ အိမ်မှာ ရှိသမျှ အားလုံးကို ပြင်ပေးလိုက်မယ်ကွ...ဆိုတဲ့ ပုံစံ ပေါက် နေတာ ကျွန်တော် သတိထားမိတယ်..။
အားလုံးကို နေရာတကျ ပြန်ထားပြီးတော့ သူ့ပစ္စည်းတွေ သိမ်းပြီးတော့ ဖေဖေ နဲ့ ကျွန်တော့် တို့ နှစ်ယောက် လက်ဖက်ရည်ဆိုင် သွားပြီး ဖေဖေက အအေးတိုက် မုန့်ကျွေးပေါ့လေ..။ ဖေဖေက သူ့ကို လက်သမားခ ၊ ပြင်ဆင်ခ ဆိုတာတွေ ဘာမှ မပြောသလို ဘယ်လောက်လဲ လို့လဲ ..မမေး မပြောခဲ့ပါ..။ ဒါပေမဲ့...သူ့ကို ဖေဖေ စကားတစ်ခွန်း ကိုတော့ သေချာ ပြောလိုက်ပါတယ်...။ ဒီစကားလေး တစ်ခွန်းဟာ ပြတ်တောက်လုဆဲဆဲ ကျွန်တော့်တို့ သူငယ်ချင်း နှစ်ယောက်ရဲ့ ခင်မင်မှု ကို အတိုင်းအဆ မရှိ သက်တမ်း တိုးပေးလိုက်တာပါပဲ...။
“ အေးကွာ...မောင်ရဲ..။ ဦးသားမှာ မင်းလို သူငယ်ချင်း တစ်ယောက် ရှိနေတာ ဦးတော့ ကျေနပ်တယ်ကွာ.။ တကယ်လို့ ဦးသားမှာသာ မင်းလိ့ သူငယ်ချင်း မရှိရင် ဦးတို့ အိမ်က ဘုရားစင်နဲ့ ပန်းကန်စင်လေး အခုလို လှလှပပ ဖြစ်လာနိုင်မှာ မဟုတ်ဘူးကွာ..။နောင်လည်း အကူအညီလိုရင် ဦးကို ကူညီဦးကွာ..။”
ဒီလို ပြောလိုက်မှတော့ဗျာ...။
နဂိုကတည်းက တတ်ကြွနေတဲ့ ကိုရဲ.....
“ ဟာ...ဦးကလည်း ကူညီမှာပေါ့...ဦး လိုတဲ့ အချန် အချိန်မရွေးသာလှမ်းခေါ်လိုက်....
ဖေဖေ့ရဲ့ ဇာတ်လမ်းလေးဟာ...တကယ်ကို ပြတ်လုဆဲဆဲ ကျွန်တော့်တို့ သူငယ်ချင်း နှစ်ယောက်ရဲ့ ခင်မင်မှု ကို အတိုင်းအဆ မရှိ သက်တမ်းတိုးပေးလိုက်တာပါပဲ...။ ဒီအဖြစ်အပျက်လေး နောက်မှာတော့ ကိုရဲ နဲ့ ကျွန်တော့်ခင်မင်မှုဟာ ပြဿနာ မရှိ ဆက်ခိုင်မြဲသွားခဲ့ပါတယ်..။
ဟုတ်ပါတယ်လေ....။
တကယ်တော့ လောကကြီးမှာ အကူအညီဆိုတာ ပေးနေတိုင်း ယူနေသူ နဲ့ အဆင်ပြေနေမယ်လို့ တစ်ထစ် ချ ပြောလို့မရပါ..။အကူအညီဆိုတာ အမြဲတမ်းတောင်းနေလို့ မကောင်းဘူး ဆိုပေမဲ့ တစ်ခါတစ်လေ အကူအညီဆိုတာ တောင်းတတ်ဖို့ လိုပါသေးတယ်..။